Saturday, April 11, 2009

Randomness``

၅ရက်နေ.က လုပ်ခဲ.တဲ. ခဏတာ သာယာမှုအတွက် ငိုရ ၀မ်းနည်းရတာ တစ်ပတ်လုံးပါပဲ....
အကင်းမသေးသေးတဲ. ၀မ်းနည်းမှုတွေနဲ. အသက်ရှူနေရတဲ. ငါ.အတွက် နင်ဟာ စိတ်ရှုပ်စရာ တော်တော်ပေးနိုင်တဲ. သူတစ်ယောက်ပါ။။။

ငါသိပါတယ်...ငါရှေ.ဆက်လျှောက်ရဦးမယ်ဆိုတာ....

သူငယ်ချင်းတစ်ယောက်ပြောတဲ. "မတွေးနဲ့....အတွေးတွေကို သိပြီးတော. ရပ်ပစ်လိုက်...အတွေးတွေကြားမှာ မျောမသွားနဲ."
ဆိုတဲ. စကားလေးအတိုင်းတိုင်းလည်း လိုက်နာနိုင်အောင် ကြိုးစားနေပါတယ်။အထူးသဖြင်. အခုတလော ခဏခဏ ဖြစ်နေတဲ. ၀မ်းနည်းနေတဲ. ခံစားချက်ကြီး ကို မပေါ်အောင် ၊ ဟင်းနွေးသလို မလုပ်မိအောင် အတတ်နိုင်ဆုံး အားတင်းနေပါတယ်။။နင်နဲ. ပတ်သက်သမျှအရာရာ ..စိတ်ပျော်ရွှင်ခဲ.တာတွေ၊အားတက်ခဲ.တာတွေ၊ နာကျင်ဝမ်းနည်းခဲ.တာတွေ၊ အားငယ်စိတ်ပျက်ခဲ.တာတွေ အကုန်လုံး ခ၀ါချပြီး ချစ်ခြင်း မုန်းခြင်းမရှိ မေ.လိုက်ချင်ပါပြီ။။။

ဝမ်းနည်းတဲ. စိတ်တွေနဲ. အချိန်တိုင်း မသိစိတ်က အားငယ်နေတဲ. ငါ့ကို ဒီနေ.အတွက်ပျော်စရာ တစ်ညနေခင်းလေး ဖြစ်စေခဲတဲ. သူငယ်ချင်းရော၊ သူငယ်ချင်းရဲ. သူငယ်ချင်း ကို ပါ ရင်ဘတ်ထဲကနေ ကျေးဇူးတင်ပါတယ်။။

No comments:

Post a Comment