Saturday, December 27, 2008

P for Poem~


ဆားပက်ခံရခြင်း(သို.)ပုံရိပ်ယောင်

ဟိုး …ဆီက ကောင်းကင်မှာ
သကာရည်အလိမ်းလိမ်းနဲ.
မိုးတိမ်ရိပ်တွေပါလား

မသွန်းဖြိုးဘဲနဲ.
မာယာမိုးကြိုးတွေ
ခဏခဏခြိမ်းပြီး
အနာစိမ်းတွေအပေါ်
အပ်စိုက်နေခဲ.တယ်

တဖြည်းဖြည်းကျွမ်းလောင်စေပြီးမှ
စီးကရက်တစ်တောင်.ရဲ.
နောက်ဆုံးအငွေ.မှာ
ပုံပြင်တစ်ပုဒ်ဟာ
မိုးတိမ်တွေနဲ.အတူ
စိမ်ပြေနပြေ
လွင်.မျောသွားခဲ.ပြီ။

No comments:

Post a Comment