အခုအချိန်မှာ ငါဟာ အရာရာမှာ ရှုံးနိမ်.နေတယ်လို. ခံစားရတယ်။
ငါ စာမေးပွဲကျတယ်။။
ငါ အလုပ်မရသေးဘူး။
ငါသိပ်ခင်ရတဲ. သူငယ်ချင်းတစ်ယောက်ရဲ. ကစားတာကို ခံရတယ်။
(ငါအရမ်းမျှော်မှန်းထားတဲ. သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတယ်)
ငါဟာ သားသမီး တာဝန်မကျေဘူးလို. ခံစားနေရတယ်။
ငါဟာ ငါ.ပတ်ဝန်းကျင်ကို ထိထိရောက်ရောက် ဘာမှ အကျိုးမပြုနိုင်ဘူး။
ငါဟာ ငါ.ကိုယ်ကိုယ်ကိုယ် တိုးတက်ဖို.လည်း ဘာမှ ထိထိရောက်ရောက်မလုပ်ခဲ.ဘူး။
ငါဟာ...............................
ငါဟာ...............................
ငါဟာ...............................
ဒါတွေ အားလုံးကို ချေဖျက်ချင်ရင် တော်ရုံတန်ရုံ အရှိန်နဲ. မရတော.ဘူးဆိုတာကိုတော. သဘောပေါက်လိုက်ပါ.....
With normal pace,u can get only normal things......
To have what u want to get back u once lost,high pace of speed is a must factor....
Be aware it & be a go-getter.
Monday, February 23, 2009
Monday, February 16, 2009
A simple question to me~
ဒီနေ. ဘလော. တစ်ခုမှာ ကဗျာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်...
"ဟန်ရေးပြချင်ရုံသက်သက်နဲ့တော့
ကြိုးဝိုင်းပေါ် တက်မလာသင့်ဘူး
သတ်လုံးသတ်ကွက် ထိုးနည်းထိုးဟန်ကို
အများနည်းတူ ကျင်လည်ရမယ်
အမုန်းတရားတွေကို
အူလှိုက်သဲလှိုက်ကြီး လာမသွန်ကြေး" တဲ့......
(http://nyeinnyo.blogspot.com/
မှန်လိုက်တဲ. စာသားလေးပါပဲ
ဘ၀ဟာ အပျော်ကစားစရာ နေရာ မဟုတ်ဘူး
သူသေ ကိုယ်သေတိုက်ရတဲ. ကြိုးဝိုင်း
မာယာ ပရိယာယ်တွေ ကြားမှာ နည်းဗျူဟာ တွေ မတတ်ကျွမ်းရင်တော.
ကားယားကြီး ခံသွားရမှာပဲ
ဘ၀မှာ အပေါ်ယံရှင်သန်ယုံလေးတော. ဟန်ရေးပြလို.မရဘူး....
ဒီလောကကြီး ကို ရောက်လာပြီးမှတော. သိပ်ပြီး ပျော.ညံ့နေလို.မဖြစ်ဘူးလေ....
မာနိုင်မှ ၊မော်နိုင်မှ တော်ရုံကျမှာ....
ဝမ်းနည်းရင် ငိုလိုက်.....
ပြီးရင်တော. ပြာချလိုက်ပါ။
ပစ္စုပ္ပါန်ကို တည်တည်.ရှူ အနာဂတ်ကိုမျှော်ပြီး အားမာန်နဲ. ဆက်လျှောက်ပါ
အတိတ်မှာဝဲလည်ပြီး ငူငူငိုင်ငိုင် နဲ. ရေစုန်မျှောနေမယ်ဆိုရင်
ထပ်ပြီး အနင်းခံ ထပ်ပြီးနစ်မြုပ်ဖို.ပဲ ရှိတာပဲ...
မုန်းတီးနေဖို. အချိန်မရှိသလို ချစ်ကြည်နေဖို.လဲ အချိန်မပေါပါစေနဲ.။
ဒါကြောင်. မှန်ကြည်.ပါ...
မှန်ထဲက အရိပ်ကို မေးပါ
နင် အသေခံမလား
ဆက်ရှင်သန်မလား
နောက်ဆုံးတော. အရာ အားလုံးဟာ
နင်.ရွေးချယ်မှုပါပဲ။
နှစ်ဦးပိုင်းလောက်တုန်းက draft ရေးဖြစ်ခဲ.တဲ. အကြောင်းအရာလေးပေါ.။။။
Sunday, February 8, 2009
365 Inspirational quotes
အခုတလော motivational quotes တွေ တော်တော်ဖတ်ဖြစ်တယ်...ပျောက်နေတဲ. motivation တွေများ တက်လာ မလားရယ်လို.ပေါ။
ဒီ movie လေးကတော. တစ်နှစ်တာ ၃၆၅ရက်လုံးအတွက် inspirational quotes တွေကို short movie လေးလို slideshow ပုံစံလေး လုပ်ထားတာပါ...ကြာချိန်က ၃:၄၀မိနစ်ပေမယ့် တွေးစ၇ာလေးတွေ မှတ်သားစရာလေးတွေ အများကြီးတော. ရသွားစေပါတယ်။။
Click here to watch the short movie
ဘယ်လောက်ပဲ ကြံခိုင်တဲ.သူ ဖြစ်ဖြစ် motivation ဆိုတာက ပျောက်လိုက် ပေါ်လိုက်မဟုတ်လား....

အဲဒါကြောင်. အဲဒီ short movie လေးရဲ. အဆုံးသတ်မှာ
That's why when people say,
"Zig,motivation doesn't last."
I say....."Bathing doesn't either,
That's why i recommend it daily!" ရေးထားတာတွေ.ရတယ်။

ကိုယ်.တို. အတွက် ရေချိုးခြင်းလိုပဲ အမြဲလိုအပ်နေတဲ. motivation ကို အမြဲရှာဖွေ ရရှိနိုင်ကြပါစေ.....
Thursday, February 5, 2009
Tuesday, January 27, 2009
Thursday, January 22, 2009
Grim Forecast?????
Thursday, January 15, 2009
Dear Diary~
Saturday, January 10, 2009
EQ လား IQ လား။
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်(IQ)မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှစိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။
သူသည် ဆယ်နှစ်အတွင်းအလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်း မြင့်သည့်အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည်လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌တွေ့ရှိခဲ့ရသည်။
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘောသဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည်
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း(Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Discipline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)
စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှအမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည်အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာနှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။သည်နေရာတွင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကသိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင်သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည်သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင်သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေကနှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။ နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသန ပြုချက်အရဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ(ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင်နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်း ပြုပြင်ပေးသူတို့လက်တွင်ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့်ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည် အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်းကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆစေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်း ပါကောင်းလျှင်ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်းထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာမိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။ နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကိုအစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင်ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန်အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူတစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။
သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလိုသင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီးပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့်ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင်တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသောပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟုကျွန်တော် ဆိုချင်ပါသည်။
(ကောင်းထက်၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ)

Thursday, January 1, 2009
Saturday, December 27, 2008
P for Poem~
ဆားပက်ခံရခြင်း(သို.)ပုံရိပ်ယောင်
ဟိုး …ဆီက ကောင်းကင်မှာ
သကာရည်အလိမ်းလိမ်းနဲ.
မိုးတိမ်ရိပ်တွေပါလား
မသွန်းဖြိုးဘဲနဲ.
မာယာမိုးကြိုးတွေ
ခဏခဏခြိမ်းပြီး
အနာစိမ်းတွေအပေါ်
အပ်စိုက်နေခဲ.တယ်
တဖြည်းဖြည်းကျွမ်းလောင်စေပြီးမှ
စီးကရက်တစ်တောင်.ရဲ.
နောက်ဆုံးအငွေ.မှာ
ပုံပြင်တစ်ပုဒ်ဟာ
မိုးတိမ်တွေနဲ.အတူ
စိမ်ပြေနပြေ
လွင်.မျောသွားခဲ.ပြီ။
Subscribe to:
Posts (Atom)