ဆားပက်ခံရခြင်း(သို.)ပုံရိပ်ယောင်
ဟိုး …ဆီက ကောင်းကင်မှာ
သကာရည်အလိမ်းလိမ်းနဲ.
မိုးတိမ်ရိပ်တွေပါလား
မသွန်းဖြိုးဘဲနဲ.
မာယာမိုးကြိုးတွေ
ခဏခဏခြိမ်းပြီး
အနာစိမ်းတွေအပေါ်
အပ်စိုက်နေခဲ.တယ်
တဖြည်းဖြည်းကျွမ်းလောင်စေပြီးမှ
စီးကရက်တစ်တောင်.ရဲ.
နောက်ဆုံးအငွေ.မှာ
ပုံပြင်တစ်ပုဒ်ဟာ
မိုးတိမ်တွေနဲ.အတူ
စိမ်ပြေနပြေ
လွင်.မျောသွားခဲ.ပြီ။
Saturday, December 27, 2008
P for Poem~
Thursday, December 18, 2008
သံယောဇဉ်
အခုတလော နားထောင်မိနေတဲ. သီချင်းလေးတစ်ပုဒ်ပေါ.၊လေးဖြူရဲ. ဘင်္ဂလားပင်လယ်အော် အခွေထဲကပါ....
လူကို အရစ်နှောင်နိုင်ဆုံး အရာလေးတစ်ခု အကြောင်းကို ထိထိမိမိ ရေးဖွဲ.ထားတာကို ချက်ချင်းပဲ သတိထားမိပြီး စစနားထောင်ချင်းမှာပဲ ရင်ထဲကို တန်းရောက်သွားတဲ. သီချင်းလေးတစ်ပုဒ်ပါ။
မတွေးချင်လည်း ပြန်တွေးနေမိ
မေ့ရင်လည်း ပြန်သတိရပြီး
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း ငါ ဆက်မှားပြီး ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့ သံယောဇဉ်
သံယောဇဉ်.. သံယောဇဉ်..
ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်
သံယောဇဉ်.. သံယောဇဉ်..
လူကို အရူးတစ်ပိုင်းဖြစ်စေတဲ့
သံယောဇဉ်.. သံယောဇဉ်
နေမြင့်လို့ အရူးရင့်ခဲ့တယ်
ဒီသံယောဇဉ်.. ဒီသံယောဇဉ်..
ဒီသံယောဇဉ်.. ဒီသံယောဇဉ်.. သံယောဇဉ်..
မကြားချင်ပဲ ငါကြားယောင်မိ
မသွားချင်လည်း ငါဆက်သွားပြီး
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ
မမွှေးသင့်ပဲ ငါမွေးတဲ့မီး
မတိုးချင်လည်း ငါဆက်တိုးပြီး
ငါ့ဘ၀ ကျွမ်းလောင်ပြီ...........
Tuesday, December 16, 2008
Zodiac Signs
blog skinတွေ လိုက်ရှာရင်းနဲ. တွေ.လာတဲ. ပုံလေးတွေပါ။ချစ်လို. ဒီမှာပဲ လာသိမ်းထားလိုက်တယ်။ တစ်ပုံချင်းလိုချင်ရင် ပုံတွေပေါ်မှာ click နှိပ် ပြီးယူနိုင်ပါတယ်။ ပုံ အကုန်လိုချင်ရင် တော. အောက်က link ဆိုတာလေးကို clickလိုက်ပါနော်..
LINK